အင်းစိန်မြို့နယ်၊ ကြို့ကုန်း အနောက်ရပ်ကွက်၊ ပလပ်စတစ်တံဆိပ်ရိုက် စက်ရုံတွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်မြောက်ပိုင်း ခရိုင် အင်းစိန်မြို့နယ် ကြို့ကုန်း အနောက် ရပ်ကွက် ငါးလုပ်ငန်း ဦးစီးဝန်းရှိ ဦးသန်းမြင့်ပိုင် ပလပ်စတစ် တံဆိပ်ရိုက် စက်ရုံတွင် အဲကွန်း ကွန်ပရင်စာစက် ချို့ယွင်း အပူရှိန် လွန်ရာမှ (၁၆.၂.၂၀၁၆ )ရက်နေ့ (၄)နာရီ (၂၀)မိနစ် အချိန်တွင် မီးလောင်ကျွမ်းခဲ့ပြီး စက်ရုံ တစ်ရုံ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါမီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသော်ဒါ ဦးဆောင်၍ အင်အား (၃၀၀) ဦးဖြင့် လည်းကောင်း၊ အရံမီးသတ်အင်အား ၁၀၀ဦးဖြင့်လည်းကောင်း ၊ မီးသတ်ယာဉ်(၄၆)စီး ၊ အုပ်ချုပ်မှု ယာဉ် (၄)စီး ဖြင့် မီးငြိမ်းသတ်ခဲ့ရာ (၄)နာရီ (၅၀)နိစ်တွင် မီးထိန်းနိုင် ခဲ့ပြီး (၅)နာရီအချိန်တွင် လုံးဝမီး ငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုဖြစ်ခြင်းကြောင့် စက်ရုံမန်နေဂျာဖြစ်သူ ဦးကိုကိုဦး (ဘ) ဦးကျော်ငြိမ်း၊ အမှတ်/၇၀၆ ၄လွှာ-၄လမ်း၊ (၁)ရပ်ကွက် မရမ်းကုန်းမြို့နယ်နေ သူအား မီးပေါ့ဆစွာ သုံးစွဲမှုဖြင့် အရေးယူ အမှုဖွင့် ထားကြောင်း သတင်း ရရှိသည်။

(အင်းစိန် ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment